သတ်မှတ်ထားသော မြို့နယ်များကို အခမဲ့ပို့ဆောင်မှုနှင့် အော်ဒါအားလုံးကို ပြန်လည်လဲလှယ်နိုင်ခွင့်ရှိပါသည်။

သင့်စျေးဝယ်လှည်း

သင့်လှည်းသည် ဗလာဖြစ်နေသည်။

Common Health's Bago, Myanmar field team in front of Welcome to Bago sign

မင်္ဂလာပါ။ ပဲခူး

Common Health ရဲ့ ဝန်ဆောင်မှုကို ပဲခူးမြို့မှာ စတင်ဖွင့်လှစ်လိုက်ပါပြီဆိုသည့် အကြောင်းကို ကြေငြာချင်ပါတယ်။ 

ခမ်းနားတဲ့ ကမ္ဘောဇသာဒီ နန်းတော်၊ ကြည်ညိုဖွယ်ရာ ရွှေမော်ဒေါစေတီ၊ သမိုင်းဝင်ဘုရင် ဘုရင့်နောင်ရဲ့ဇာတိဖြစ်တဲ့ ပဲခူးမြို့ဟာ လူဦးရေ ၅သန်းကျော်နေထိုင်တဲ့မြို့ဖြစ်ပါတယ်။ဒါ့အပြင် Common Healthရဲ့ ဝန်ဆောင်မှုကို ရန်ကုန်မြို့အပြင်ဘက် ပထမဆုံးချဲ့ထွင်တဲ့  နေရာတခုလည်းဖြစ်ပါတယ်။ 

"ပဲခူးမြို့မှာ နေထိုင်တဲ့ မိသားစုတွေကို ဝန်ဆောင်မှုပေးဖို့ စိတ်လှုပ်ရှားနေပါပြီ" လို့ Common Healthရဲ့ CEO Mr.Mattew Guilford ကပြောပါတယ်။ အခုလို အရေးကြီးတဲ့မြို့တော်မှာ ဝန်ဆောင်မှု တိုးချဲ့လုပ်ဆောင်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဆီးချို၊ သွေးတိုး နဲ့ နာတာရှည်ရောဂါတွေ ခံစားနေရတဲ့ ပြည်သူလူထုကို အချိန်ကုန် ငွေကုန် သက်သာစေပြီး ပိုကောင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိစေနိုင်ဖို့ဖြစ်ပါတယ်။ 

ပဲခူးမြို့ရှိ ပြည်သူလူထုတွေက ကျွန်ုပ်တို့ကုမ္ပဏီရဲ့ ဝန်ဆောင်မှုအကျိုးခံစားခွင့်တွေကို စတင်အသုံးပြုနေကြပါပြီ။ ပဲခူးမြို့ရှိ မြို့သစ်မြို့နယ်ရှိ ဟော်တယ်တစ်ခုတွင် ဟိုတယ်မန်နေဂျာအဖြစ် အလုပ်လုပ်နေတဲ့ ဦးမြင့်ကိုကိုကတော့   Common Health ရဲ့ဝန်ဆောင်မှုကို ပထမဆုံး စတင်အသုံးပြုသူတစ်ဦးဖြစ်ပါတယ်။ "၁၀နှစ်ကျော် ခံစားနေရတဲ့ ကျွန်တော့်ရဲ့ ဆီးချိုရောဂါအတွက် လိုတဲ့ဆေးတွေကို နေရာစုံကနေ ဝယ်ဖူးပါတယ်။ Common Health မှာတော့ ဆီးချိုနဲ့နှလုံးဆေးတွေက အရမ်းစျေးသက်သာတဲ့အပြင် အိမ်ရှေ့အရောက် ဝန်ဆောင်မှုပေးတဲ့အတွက် တကယ်ကို ကျေနပ်ပါတယ်"

Common Healthရဲ့ ရည်ရွယ်ချက်ကတော့ မြို့နေလူထုကို အလုပ်အကိုင်အခွင့်အရေးတွေ ဖန်တီးပေးဖို့နဲ့ သူတို့ရဲ့ပတ်ဝန်းကျင်ကို ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ကူညီပံ့ပိုးနိုင်ဖို့ပဲဖြစ်ပါတယ်။ Common Health ရဲ့ ဝန်ထမ်းတစ်ဦးဖြစ်တဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုကျော်ဇေယျ ရဲ့ အမေမှာလဲ သွေးတိုးရောဂါရှိပါတယ်။
"ကျွန်တော့အမေမှာ သွေးတိုးရောဂါ နှစ်နဲ့ချီရှိနေတာပါ… ခုတော့ အမေကျန်းမာရေးကို ပြုစုစောင့်ရှောက်ကူညီပေးဖို့ အခွင့်အရေးတစ်ခုရပါပြီ… ပဲခူးမှာရှိတဲ့ နာတာရှည်ရောဂါ ခံစားနေရတဲ့ တခြားမိသားစုဝင်တွေကိုလည်း ကူညီပေးနိုင်တော့မှာမို့့ ဂုဏ်ယူမိပါတယ်' လို့ဆိုပါတယ်။ 

ကျွန်ုပ်တို့ ကုမ္ပဏီနဲ့ မိတ်ဖက်ဆေးဆိုင်ကလည်း ဆီးချို၊ သွေးတိုး၊ နှင့် နှလုံးရောဂါနဲ့ပတ်သတ်တဲ့ ဆေးဝါး အမျိုး ၃၀၀ကျော်ကို အဓိကထား ထောက်ပံ့ပေးနေပါတယ်။ ဆေးမှာယူချင်တယ်ဆိုရင်တော့ Common Health ရဲ့ဖုန်းနံပါတ် 09770445000 (လိုင်းခွဲနံပတ် 2) ကို နေ့စဉ် မနက် ၇နာရီကနေ ၁၀နာရီ အတွင်းဖြစ်စေ၊ Facebook၊ Messenger၊ Website ကနေ စာပို့၍ဖြစ်စေ ဆက်သွယ်မှာယူနိုင်ပါတယ်။ 

ပဲခူးအတွက် တစ်ပတ်မှာ ၃ရက် (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ)နေ့တွေမှာ ပို့ဆောင်ခအခမဲ့ဖြင့် ဆေးပို့ပေးနေပါတယ်။ Common Health မှတစ်ဆင့် ဆေးဝါးများမှာယူမယ်ဆိုကပါက ဆေးများရဲ့အရည်အသွေးမှန်ကန်ကြောင်း အာမခံပါတယ်။ 

 ---

မနန်းနွယ်သည် Common Health ၏ မန်နေဂျာ(Commerical Manager)တစ်ဦးဖြစ်ပြီး နာတာရှည်ရောဂါဝေဒနာရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုမ္ပဏီ၏ဝန်ဆောင်မှုအကျိုးကျေးဇူးများချိတ်ချက်ရရှိစေရန် ကြိုးပမ်းဆောင်ရွက်နေပါသည်။ 

အရင်ပို့စ်
နောက်ပို့စ်