သတ်မှတ်ထားသော မြို့နယ်များကို အခမဲ့ပို့ဆောင်မှုနှင့် အော်ဒါအားလုံးကို ပြန်လည်လဲလှယ်နိုင်ခွင့်ရှိပါသည်။

သင့်စျေးဝယ်လှည်း

သင့်လှည်းသည် ဗလာဖြစ်နေသည်။

Common Health: Why We're Here

Common Health ၏ ရည်ရွယ်ချက်များအကြောင်း

Han Thu San - ပထမဦးဆုံးအနေနဲ့ Common Healthကို မသိသေးတဲ့သူတွေအတွက် Common Health အကြောင်းလေးပြောပြပေးလို့ရမလား? 

Matthew Guilford -အခုလို မေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ Common Health ကိုစတင်ရတဲ့ ရည်ရွယ်ချက်ကတော့ နာတာရှည်ရောဂါ ခံစားနေရတဲ့သူတွေကို ပိုက်ဆံအကုန်ကျသက်သာပြီး ကျန်းမာစွာနဲ့ အသက်ရှည်စွာနေထိုင်နိုင်ဖို့ဖြစ်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံမှာ (၉၉) သန်းကျော်သောသူတွေဟာ ဆီးချိုရောဂါစဖြစ်ခါစ နဲ့ ဆီးချိုရောဂါကိုခံစားနေရပြီးတော့ (၁၁၆) သန်းကျော်ကတော့ သွေးတိုးရောဂါကို ခံစားနေရပါတယ််။  ဒီ ရောဂါအခြေအနေကို ခံစားနေရတဲ့ သူအများစုကတော့ ဒါကိုထိန်းချုပ်ဖို့ ကြိုးစားနေရဆဲပါ။ ဥပမာအနေနဲ့ သွေးတိုးရောဂါ ခံစားနေရတဲ့ အာရှမှာရှိတဲ့ လူဦးရေရဲ့ (၁၂) ရာခိုင်နှုန်းကသာ သူတို့ရောဂါအခြေအနေကို ကောင်းမွန်စွာထိန်းချုပ်နိုင်ပါတယ်။ ရောဂါဖြစ်လာပြီဆိုရင်တော့ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေက ​ဆေးကုသစရိတ်အများကြီးကုန်ကျမှာဖြစ်ပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါတယ််။ 

မေးသူ: တကယ့်စိန်ခေါ်မှုတစ်ခုကြီးပဲနော်

MG - မှန်တာပေါ့။ ဒါပေမဲ့ ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွရှိပါတယ်။ဆေးသုတေသနတွေအရ နာတာရှည်ရောဂါတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေး အကျိုးသက်ရောက်မှုဟာ (၃)မျိုး ရှိတယ်လို့ သိထားပါတယ်။  ဆေးပုံမှန်သောက်သုံးမှု၊ ကျွန်ုပ်တို့ရဲ့ အစားအသောက်နဲ့ လူနေမှုပုံစံကို ချိန်ညှိမှု၊ ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ ပုံမှန်ထိတွေ့မှု တို့ပဲဖြစ်ပါတယ်။ ဒါတွေအကုန်လုံးကို လိုက်နာဖို့ လွယ်ကူတယ်လို့တော့ ကျွန်တော်မဆိုလိုပါဘူး။ ဒါပေမဲ့ လိုက်နာဖို့အတွက် ထိုက်တန်ပါတယ်။ သူတို့ရောဂါကို ထိန်းချုပ်နိုင်မှသာ အသက်ရှည် ကျန်းမာစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ရောဂါအခြေအနေက သူတို့ဘယ်သူဖြစ်တယ်ဆိုတာကို သတ်မှတ်လို့မရပါဘူး။ 

HTS: ဒီလိုကြားရတာဝမ်းသာပါတယ်။ Common Healthက ဘယ်လိုကူညီနိုင်မှာလဲ?

MG - ဟုတ်ကဲ့။ ကျွန်တော်ပြောခဲ့သလိုပဲ ရောဂါအ​ခြေအနေကို အမြဲထိန်းချုပ်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ဒီမှာရှိနေတာပါ။ ဆီးချို၊သွေးတိုးရောဂါ ဆိုတာ အကုန်အကျများတယ်၊ အချိန်တွေကြာတယ်၊ ပြီးတော့ ကြောက်ဖို့လည်းကောင်းပါတယ်။  ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ နာတာရှည်ရောဂါရှင်တွေအတွက် စျေးနှုန်းသက်သာတဲ့ဆေးများရရှိုနိုင်ဖို့ရယ်၊ လွယ်ကူအဆင်ပြေစွာမှာယူနိုင်ဖို့ နဲ့  အကျိုထိရောက်မှုရှိဖို့ ပဲဖြစ်ပါတယ််။  ပထမအဆင့်အနေနဲ့ ဆေးဝါးနဲ့ပတ်သတ်တာဖြစ်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့အသုံးပြုရတဲ့ဆေးတွေကို ကျွန်တော်တို့ရဲ့သုံးစွဲသူ တွေကို စျေးသက်သက်သာသာနဲ့ ရရှိအောင် ဆေးဝါးထုတ်လုပ်သူတွေ၊  ဆေးဖြန့်ဖြူးသူတွေနဲ့ ဆေးဆိုင်တွေနဲ့ ကျွန်တော်တို့ အတူတကွလုပ်ဆောင်နေပါတယ်။  လိုအပ်တဲ့ဆေးတွေကို သုံးစွဲသူတွေဆီ ချောမွေ့စွာရောက်ရှိစေဖို့အတွက် အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်။ သိသာတဲ့ ကျန်းမာရေးပြောင်းလဲမှု ရရှိချင်သူတွေအတွက် အထောက်အပံ့အနည်းငယ် လိုအပ်တယ်လို့ ကျွန်တော်တို့ယုံကြည်တဲ့အတွက် ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုသုံးစွဲသူအတွက် မိသားစုဆရာဝန်နဲ့ ကျန်းမာရေးဆွေးနွေးတိုင်ပင်မှု နဲ့ အစားအသောက်၊ လေ့ကျင့်ခန်းဆိုင်ရာ အကြံပေးချက်တွေကိုလည်း တာဝန်ယူပေးမှာဖြစ်ပါတယ်။ ပြီးတော့ အချိန်မရွေးဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေအတွက်၂၄နာရီပတ်လုံး ဖြေကြားပေးဖို့ ကျန်းမာရေးကျွမ်းကျင်ဆရာဝန် ကျွန်တော်တို့ဆီမှာ အဆင်သင့်ရှိနေပါတယ်။ 

HTS: ဘာလို့မြန်မာနိုင်ငံကို ရွေးချယ်ရတာလဲ?

MG - ရလဒ်ကောင်းတဲ့အလားအလာတွေ ရှိပါတယ်လို့ ကျွန်တော်တို့ ယုံကြည်လို့ပါ။  ကမ္ဘာကြီးရဲ့ တခြားသောနေရာတွေလိုပဲ မြန်မာနိုင်ငံမှာလည်း နာတာရှည်ရောဂါတွေက စိန်ခေါ်မှုကြီးတခုပါပဲ။ မြန်မာနိုင်ငံမှာ လူဦးရေ ၉.၇သန်းခန့် သွေးတိုးရောဂါဖြစ်နေပြီးတော့ ၅.၄သန်းခန့်ကတော့ ဆီးချိုနဲ့ ဆီးချိုစဖြစ်ခါစတွေ ခံစားနေရပါတယ်။ ဒါ့ကြောင့် လိုအပ်ချက်တွေရှိနေပါတယ်။ 

တချိန်ထဲမှာပဲ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲဖို့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ မြန်မာပြည်မှာဆိုရင် လူတိုင်းနီးပါး  မိုဘိုင်းဖုန်းတွေရှိကြပါတယ်။  အရည်အသွေးကောင်းတဲ့ ဆေးခန်းတွေ၊ ဆေးဆိုင်တွေ၊ ရောဂါရှာဖွေရေးစင်တာတွေ၊ ဆေးရုံတွေလည်း အများကြီးရှိပါတယ်။ အခုခေတ်ပညာတက်လူငယ်တွေကလဲ တခြားသူတွေရဲ့ ဘဝတွေကို တိုးတက်ကောင်းမွန်ဖို့ ကူညီချင်ကြတယ်။ Common healthရဲ့တာဝန်ကတော့ အဲဒီအားသာချက်တွေကို ပူးပေါင်းစုစည်းပြီး ကောင်းမွန်တဲ့ ဝန်ဆောင်မှူကို ပေးအပ်နိုင်ဖို့ဖြစ်ပါတယ်။ Common Health Myanmar ကို ၂၀၁၉ ခုနှစ်မှာ စတင်ခဲ့တုန်းက ရေတိုအတွက် ရည်ရွယ်ပြီးလုပ်ခဲ့တာမဟုတ်ပါဘူး။ နောက်လာမည့် နောက်မျိုးဆက်တွေအတွက်ပါ လုပ်ပေးရမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံရောက်လာတာပါ။ 

--
ဟန်သူစံဟာ Common Healthရဲ့ အော်ဒါဖြည့်တင်းရေးမှာ လက်ထောက်မန်နေဂျာတယောက်ဖြစ်ပြီး နာတာရှည်ရောဂါခံစားနေရတဲ့ မိသားစုဝင်တွေဆီကို လိုအပ်တဲ့ဆေးရောက်ရှိအောင် တာဝန်ယူဆောင်ရွက်နေပါတယ်။ 

နောက်ပို့စ်