အမေးများသောမေးခွန်းများ
လူကြီးမင်းသိရှိလိုသော အကြောင်းအရာများကို အောက်ပါအမေးအဖြေကဏ္ဍတွင် ဝင်ရောက်လေ့လာနိုင်သလို Common Health ၏ Facebook ၊ Viber သို့မဟုတ် ဖုန်းနံပါတ်များမှတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
အမေးများသောမေးခွန်းများ
Common Health မှတဆင့် အောက်ပါနည်းလမ်းသုံးမျိုးဖြင့် လွယ်ကူစွာမှာယူနိုင်ပါသည်။
ဝက်ဘ်ဆိုဒ်မှမှာယူခြင်း - Common Health ၏ဝက်ဘ်ဆိုဒ်မှတဆင့် ပိတ်ရက်မရှိ (၂၄)နာရီ မှာယူနိုင်ပါသည်။ လူကြီးမင်း မှာယူထားသော ဆေးလာမပို့ပေးခင်တွင် Common Health မှ အတည်ပြုရန် ဖုန်းဆက်မည်ဖြစ်ပါသည်။
မက်ဆေ့ဖြင့်မှာယူခြင်း - Common Health ၏ Viber သို့မဟုတ် Facebook မှတစ်ဆင့် မနက် (၈) နာရီမှ ည (၁၁) နာရီအတွင်း ပိတ်ရက်မရှိ မေးမြန်းမှာယူနိုင်ပါသည်။
ဖုန်းဖြင့်မှာယူခြင်း - Common Health Myanmar ၏ Hotline နံပါတ် 09770445000 သို့ မနက် (၈) နာရီမှ ည (၁၁) နာရီအတွင်း ပိတ်ရက်မရှိ ဖုန်းဆက်မှာလိုက်ပါ။ ATOM သို့မဟုတ် Ooredoo ဆင်းမ်ကတ်များအတွက် ဖုန်းခေါ်ဆိုမှု ဝန်ဆောင်ခ အခမဲ့ဖြစ်ပါသည်။က်
Common Health သည် အွန်လိုင်းပလက်ဖောင်းတစ်ခုသာဖြစ်ပြီး ကျန်းမာရေးဝန်ဆောင်မှု နှင့် ဆေးဝါးများ ရောင်းချသော ကုမ္ပဏီမဟုတ်ပါ။ လူကြီးမင်းမှာယူသော ဆေးဝါးများကိုသာ Common Health ၏ လိုင်စင်ရမိတ်ဖက်ဆေးဆိုင်များမှတဆင့် မှာယူပေးခြင်းသာဖြစ်ပါသည်။ ရွှေမေတ္တာဆေးဆိုင်သည် Common Health ၏ ပထမဆုံးမိတ်ဖက်ဆေးဆိုင်ဖြစ်ပါသည်။
မှာယူမှုတိုင်းအတွက် စတင်မှာယူသည့်အချိန်မှစပြီး တိကျမှန်ကန်မှုရှိစေရန် အကောင်းဆုံး ဝန်ဆောင်မှုပေးပါသည်။ သို့သော် အကြောင်းတစ်ခုခုကြောင့် အဆင်မပြေမှုများရှိခဲ့ပါက Common Health Myanmar ၏သုံးစွဲသူဝန်ဆောင်မှုဌာန (Customer Service) အား ဖုန်း သို့မဟုတ် Viber နှင့် Facebook မှတစ်ဆင့် မနက် ၈ နာရီမှ ည ၁၁ နာရီအတွင်း ပိတ်ရက်မရှိ ဆက်သွယ်နိုင်ပါသည်။
Common Health သည် ဆေးဝါးများ၏ အရည်အသွေးနှင့် ဝယ်ယူသူများ၏ ဘေးကင်းမှုကို ဦးစားပေးသောကြောင့် အောက်ပါအခြေအနေအားလုံးနှင့် ကိုက်ညီသည့် လဲလှယ်မှုများကိုသာ လက်ခံပေးပါသည်။
၁။ ဝယ်ယူသူသည် ဆေးရောက်ရှိပြီး (၂၄) နာရီအတွင်း Common Health ၏ သုံးစွဲသူဝန်ဆောင်မှုဌာန (Customer Service Team) 09770445000 သို့ ဆေးလဲလှယ်မည့်အကြောင်း ဖုန်းခေါ်ဆိုထားရမည် သို့မဟုတ် စာပို့ထားရမည်။
၂။ ဝယ်ယူသူတွင် ဆေးဝယ်ထားသည့် မူရင်းပြေစာ ရှိရမည်။
၃။ ဝယ်ယူသူသည် ဆေးထုတ်ကို ဖွင့်ခြင်း သို့မဟုတ် ဖောက်ထားခြင်း မပြုလုပ်ထားရပါ။
၄။ ဆေးထုပ်သည် ပို့ဆောင်သည့်အချိန်က အခြေအနေအတိုင်းရှိရမည် (ဥပမာ ဝယ်ယူစဉ်က ဘူးပါဝင်ပါက ဘူးပါရှိရမည်။)
အရည်အသွေးနှင့် ဘေးကင်းမှုသေချာစေရန်အတွက်သည် အင်ဆူလင် သို့မဟုတ် အခြားရေခဲဆေးများကို မည်သည့်အခြေအနေမျိုးတွင်မဆို ပြန်လည်လက်ခံနိုင်မည်မဟုတ်ပေ။
Free Delivery Areas ပြင်ပမှနေရာများ ပြန်ပို့ခြင်း သို့မဟုတ် လဲလှယ်ခြင်းများအတွက်အတွက် ပို့ဆောင်ခပေးဆောင်ရမည်ဖြစ်ပါသည်။
အခမဲ့ပို့ဆောင်ပေးသောနေရာများ
ပို့ဆောင်ခတွေပေးရလို့ စိတ်ညစ်နေရတယ်ဆိုရင် လူကြီးမင်းတို့ရဲ့ အော်ဒါလေးတွေကို ပို့ဆောင်ခပေးစရာမလိုဘဲ မှာယူရရှိနိုင်မယ့် နည်းလမ်း သုံးခု ရှိပါသည်။
အခမဲ့ပို့ဆောင်ပေးသောနေရာများ - ကျွန်တော်တို့ရဲ့ ဖော်ရွေတဲ့ Common Health ဝန်ထမ်းအဖွဲ့လေးတွေက အချို့မြို့နယ်တွေကို တိုက်ရိုက် အခမဲ့ပို့ဆောင်ပေးပါတယ်။ အဲ့ဒီအထဲမှာ ရန်ကုန်မြို့ရှိ ၂၇ မြို့နယ်(ဇုန် ၁) နဲ့ ပဲခူးမြို့ရှိ ၃၅ မြို့နယ်(ဇုန် ၂) တို့ပါဝင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အဆိုပါ ဇုန်တွေကို ထပ်မံတိုးချဲ့နိုင်ဖို့ ဆက်လက်ကြိုးစားပြင်ဆင်နေပါတယ်
ရန်ကုန်မြို့ရှိ အဝေးပြေးကားဂိတ်များ - ရန်ကုန်မြို့လယ်မှာရှိတဲ့ အချို့ အဝေးပြေး ကားဂိတ် တွေဆိုရင်လဲ ကျွန်တော်တို့ဘက်က (ဇုန် ၁ - စီ)အနေဖြင့် အခမဲ့ပို့ဆောင်ပေးလျက်ရှိပါတယ်။ အဆိုပါကားဂိတ်လေးတွေကတော့ အောင်ဆန်းအဝေးပြေးကားဂိတ်၊ မြို့ထဲရှိ ဖျာပုံကားဂိတ် နှင့် ဦးချစ်မောင်ကားဂိတ်တွေပဲဖြစ်ပါတယ်။ ဝယ်ယူသူတွေအနေနဲ့ကတော့ ကားခလေးနဲ့ တန်ဆာခလေးကိုတော့ ပေးဆောင်ရမှာဖြစ်ပါတယ်။
Common Health မှ ပို့ဆောင်မှုအခမဲ့မြို့နယ်များကို အောက်ပါအတိုင်းသတ်မှတ်ထားပါသည်။Common Health ၏ Facebook သို့မဟုတ် Viber တွင် ထပ်မံတိုးချဲ့ကြိုးစားနေသော အခမဲ့ပို့ဆောင်မှုရရှိနိုင်မည့်နေရာများကို အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ရန်ကုန် - ရွှေပြည်သာ၊ လှိုင်သာယာ၊ မဂ်လာဒုံ၊ ဒလမြို့နယ်နှင့် ဆိပ်ကြီးကနောင်တိုမြို့နယ်တို့မှလွဲ၍ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့တွင်း (၂၇) မြို့နယ်လုံးကို အခမဲ့ပို့ဆောင်ပေးပါသည်။ အင်းစိန်မြို့နယ်ရဲ့ တစ်ချို့သောနေရာများနှင့် မင်္ဂလာဒုံ လှိုင်သာယာ ရွှေပြည်သာမြို့နယ်များအတွက် ပို့ဆောင်ချိန် အနည်းငယ်ပိုကြာနိုင်ပြီး ပို့ဆောင်ခရှိနိုင်ပါသည်။
ပဲခူး - ပဲခူးမြို့၏ ရပ်ကွက် ၃၅ ခုလုံး။ အင်းကတော်၊ ဘုရားကြီး နှင့် ပဲခူးတိုင်းဒေသကြီး၏ အခြားနေရာများကို အခမဲ့ ပို့ဆောင်ပေးသော ဧရိယာတွင် မပါဝင်ပါ။
ကျွန်ုပ်တို့၏ အခမဲ့ပို့ဆောင်မှုဧရိယာများကို တိုးချဲ့ရန်စဥ်ဆက်မပြတ် လုပ်ဆောင်နေပါသည်။ မှာယူသူအများစုရှိနိုင်သည့် မြို့နယ်များအား ပို့ဆောင်မှုအခမဲ့ပေးရန် ဆုံးဖြတ်ရာတွင် အဓိကအချက်ဖြစ်သည်။ထို့ကြောင့် လူကြီးမင်း၏မြို့နယ်သည် Common Health အတွက် သင့်လျော်သည်ဟုထင်လျှင် ကျွန်ုပ်တို့ထံ ဖုန်းဆက်ပြီး သို့မဟုတ် မက်ဆေ့ချ်ပို့ပြီး တောင်းဆိုနိုင်ပါသည်
Common Health ၏ ပို့ဆောင်မှုအခမဲ့ရရှိနိုင်သောမြို့နယ်များအပြင် ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ သုံးစွဲသူများအား အခပေးပို့ဆောင်မှုဇုန်သုံးခုသတ်မှတ်ထားပါသည်။
ဇုန် ၂ (ပို့ဆောင်ခ ၃၀၀၀ ကျပ်) : ဧရာဝတီတိုင်းဒေသကြီး၊နေပြည်တော် နှင့် အခြားရန်ကုန်တိုင်းဒေသကြီးများ။
ဇုန် ၃ (ပို့ဆောင်ခ ၄၀၀၀ ကျပ်) : မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးများ။
ဇုန် ၄ (ပို့ဆောင်ခ ၅၀၀၀ ကျပ်) : ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်။
ပို့ဆောင်ခများအတွက် အမြတ်အစွန်းများ ကောက်ယူထားခြင်းမရှိပါ။ မှာယူသူများအား Common Health၏ ပလက်ဖောင်းမှတဆင့် ဆေးဝါးများနှင့် အခြားဝန်ဆောင်မှုများကို စျေးနှုန်းချိုသာစေရန်အတွက် ကျွန်ုပ်တို့၏ကုန်ကျစရိတ်များကို ပြန်လည်ရယူရန် ဤပို့ဆောင်ခများကိုကောက်ခံရခြင်းဖြစ်ပါသည်။
ပစ္စည်းပို့ဆောင်မှုအချိန်နှင့် နည်းလမ်းများ
Common Health မှ သတ်မှတ်ထားသော ပို့ဆောင်မှုအခမဲ့မြို့နယ်များအတွက် (လက်ရှိ ရန်ကုန်နှင့် ပဲခူး) မှာယူမှုများကို အောက်ပါဖော်ပြထားသော နေ့ရက်များတွင် ပို့ဆောင်ပေးပါသည်။ နေ့စဉ်နောက်ဆုံးအော်ဒါတင်နိုင်သည့် အချိန်ကိုလည်း အောက်တွင်ဖော်ပြထားသည်။ အော်ဒါချိန်နောက်ပိုင်းမှ တက်လာသော အော်ဒါများကို နောက်နေ့တွင် ပို့ဆောင်ပေးပါသည်။
လူကြီးမင်းသဘောတူထားသော ပို့ဆောင်ချိန်တွင် ပစ္စည်းများကို ရောက်ရှိအောင် ပို့ဆောင်ရန် ကျွန်ုပ်တို့ အတတ်နိုင်ဆုံး ကြိုးပမ်းမည်ဖြစ်ပါသည်။ အစိုးရရုံးပိတ်ရက်များ သို့မဟုတ် လုံခြုံရေးဆိုင်ရာ ပြဿနာများ သို့မဟုတ် အခြားမလွန်ဆန်နိုင်သော အကြောင်းများကြောင့် ပို့ဆောင်မှုများ နှောင့်နှေးနိုင်ပါသည်။ အဆိုပါကိစ္စများရှိနိုင်ခဲ့ပါက Common Health (09770445000) မှ ဖုန်းခေါ်ဆို၍ ကြိုတင်အကြောင်းကြားမည်ဖြစ်ပါသည်။
ဇုန် (၁ - အေ) - ရန်ကုန်မြို့တွင်း (၂၇) မြို့နယ် - အခမဲ့အိမ်တိုင်ရာရောက်ပို့ဆောင်မှု
မဂဏန်းရက်များ (ဥပမာ - ၁ရက်၊၃ရက်၊၅ရက်)တွင် ညနေ (၆)နာရီအထိပို့ဆောင်ပေးပါသည် (နောက်ဆုံးမှာယူချိန် - ည (၁၁) နာရီအထိ)
ဧရိယာ ၁ - အလုံ၊စမ်းချောင်း၊ကြည့်မြင်တိုင်၊မရမ်းကုန်း၊လှိုင်၊အင်းစိန်
ဧရိယာ ၃ - ဒဂုံ၊ဗိုလ်တစ်ထောင်၊ကျောက်တံတား၊လမ်းမတော်၊လသာ၊ပန်းဘဲတန်း၊ပုဇွန်တောင်
ဧရိယာ ၅ - မဂ်လာတောင်ညွန့်၊တာမွေ၊ဗဟန်း၊ရန်ကင်း၊တောင်ဥက္ကလာ၊သဃ်န်းကျွန်း
စုံဂဏန်းရက်များ (ဥပမာ-၂ ရက်၊၄ရက်၊၆ရက်)တွင် ညနေ (၆)နာရီအထိပို့ဆောင်ပေးပါသည် (နောက်ဆုံးမှာယူချိန် - ည (၁၁) နာရီအထိ)
ဧရိယာ ၂ - ဒေါပုံ၊သာကေတ၊ဒဂုံဆိပ်ကမ်း၊တောင်ဒဂုံ
ဧရိယာ ၄ - မြောက်ဒဂုံ၊မြောက်ဥက္ကလာ၊အရှေ့ဒဂုံ
ဇုန် (၁ - ဘီ) - ပဲခူးမြို့တွင်း (၃၅) ရပ်ကွက် - အခမဲ့အိမ်တိုင်ရာရောက်ပို့ဆောင်မှု
ဇုန် (၁ - စီ) - ရန်ကုန်မြို့တွင်းကားဂိတ်များ အခမဲ့ ဂိတ်ချပေးခြင်း
ပဲခူးမြို့တွင်း ပစ္စည်းပို့ဆောင်ရက်များ
- တနလ်ာနေ့ ညနေ(၆) နာရီအထိ (နောက်ဆုံးမှာယူချိန် - တနဂ်နွေနေ့ ည ၁၁ နာရီအထိ)
- ဗုဒ္ဓဟူးနေ့ ညနေ(၆) နာရီအထိ (နောက်ဆုံးမှာယူချိန် - အဂ်ါနေ့ ည ၁၁ နာရီအထိ)
- သောကြာနေ့ ညနေ(၆) နာရီအထိ (နောက်ဆုံးမှာယူချိန် - ကြာသပတေးနေ့ ည ၁၁ နာရီအထိ)
ရန်ကုန်မြို့တွင်းကားဂိတ် နှင့် ရန်ကုန်စာတိုက်ပို့ဆောင်ချိန်
Common Health ဝန်ထမ်းသည် လူကြီးမင်းနှင့်အတူ ပို့ဆောင်ရမည့် ရန်ကုန်ရှိ ဘတ်စ်ကားဂိတ် သို့မဟုတ် စာတိုက်မှထွက်မည့်အချိန်အတိအကျကို ညှိနှိုင်းပေးပါမည်။ အဆိုပါနေရာထံသို့ ပို့ပေးချိန်သည် ရန်ကုန်မြို့တွင်း ပို့ဆောင်မှုအချိန်နှင့် တစ်ချိန်ထဲဖြစ်ပါသည်။ ဤအချိန်ဇယားတွင် သင့်ရှိရာမြို့သို့ ဘတ်စ်ကား/စာတိုက်မှ ပို့ဆောင်မှု ကြာချိန်မပါဝင်ကြောင်း အသိပေးလိုပါသည်။
တနင်္လာနေ့ ညနေ ၆ နာရီထိ (နောက်ဆုံးမှာယူချိန် တနင်္ဂနွေနေ့ ည ၁၁ နာရီ)
အင်္ဂါနေ့ ညနေ ၆ နာရီထိ (နောက်ဆုံးမှာယူချိန် တနင်္လာနေ့ ည ၁၁ နာရီ)
ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီထိ (နောက်ဆုံးမှာယူချိန် အင်္ဂါနေ့ ည ၁၁ နာရီ)
ကြာသပတေးနေ့ ညနေ ၆ နာရီထိ (နောက်ဆုံးမှာယူချိန် ဗုဒ္ဓဟူးနေ့ ည ၁၁ နာရီ )
သောကြာနေ့ ညနေ ၆ နာရီထိ (နောက်ဆုံးမှာယူချိန်ကြာသပတေးနေ့ ည ၁၁ နာရီ)
စနေနေ့ ညနေ ၆ နာရီထိ (နောက်ဆုံးမှာယူချိန်သောကြာနေ့ည ၁၁ နာရီ)
အခြားပို့ဆောင်မှုနေရာများ
Common Health သည် အခြားပို့ဆောင်ရေးဇုန်များအတွက် ပြင်ပပို့ဆောင်ရေးဝန်ဆောင်မှုပေးသည့် ကုမ္ပဏီကို အသုံးပြုထားပါသည်။ အဆိုပါ ပို့ဆောင်ရေး၀န်ဆောင်မှုပေးသူသည် အစိုးရရုံးပိတ်ရက်များမှလွဲ၍ တနင်္လာနေ့မှ သောကြာနေ့အထိ ကျွန်ုပ်တို့ထံမှ အော်ဒါများကို လာကောက်ပေးပါသည်။ ထိုကြောင့် နောက်ဆုံး အော်ဒါမှာမည့်အချိန်သည် ည (၁၀) နာရီဖြစ်ပါသည််။ ဥပမာအားဖြင့် သောကြာနေ့ ည (၁၁:၃၀) တွင်မှာယူသော ဆေးများကို တနင်္လာနေ့နံနက်တွင်သာ ပို့ဆောင်ရေးကုမ္ပဏီက လာယူပေးမည်ဖြစ်ပါသည်။
အောက်ဖော်ပြပါ ပို့ဆောင်မှုကြားချိန်သည် Common Health မှပို့ဆောင်ရေးဝန်ဆောင်မှုပေးသည့်ကုမ္ပဏီထံသို့ အော်ဒါအပ်ပြီး ပိုဆောင်ရန်ကြာနိုင်မည့် ခန့်မှန်းကြာချိန်ဖြစ်ပါသည်။
- ဇုန် ၂ : ကြာချိန် ၂ ရက် (ဧရာဝတီတိုင်းဒေသကြီး၊နေပြည်တော် နှင့် အခြားရန်ကုန်တိုင်းဒေသကြီးများ)
- ဇုန် ၃ : ကြာချိန် ၃ ရက် (မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးများ)
- ဇုန် ၄ : ကြာချိန် ၄ ရက်(ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်)
အော်ဒါများကို ရုံးပိတ်ရက် နှင့် အစိုးရရုံပိတ်ရက်များတွင် ပို့ဆောင်ပေးမည်မဟုတ်ပါ။ Common Health ဝန်ထမ်းများမှ လူကြီးမင်း၏အော်ဒါအတည်ပြုပေးချိန်တွင် ပို့ဆောင်မှုနှင့် သက်ဆိုင်သော အသေးစိတ်အချက်အလက်များ ပြောပြပေးမည်ဖြစ်သည်။
ပို့ဆောင်မှုအခမဲ့ရရှိနိုင်သောမြို့နယ်များ (Zones 1A, 1B)
Common Health ၏ ပို့ဆောင်မှုအခမဲ့ရရှိနိုင်သောမြို့နယ်များရှိ မှာယူသူများထံသို့ အော်ဒါများကို Common Health ၏ကိုယ်ပိုင်ဝန်ထမ်းများမှတိုက်ရိုက်ပို့ဆောင်ပေးပါသည်။
ပစ္စည်းပို့ဆောင်မည့်ဝန်ထမ်းများသည် အော်ဒါပေးပို့ခြင်းမပြုခင်တွင် မှာယူသူများကို အောက်ပါအချက်အလက်အကြောင်းကြားရန်ဖုန်းဆက်မည်ဖြစ်ပါသည်။
ပစ္စည်းပို့ဆောင်မည့်၀န်ထမ်းမှ မှာယူသူ၏ အော်ဒါထုပ်များကို လက်ခံရရှိသောအခါ
ပစ္စည်းပို့ဆောင်မည့်၀န်ထမ်းမှ လူကြီးမင်း၏နေအိမ်််််ရောက်ရှိနေသောအခါ
အော်ဒါလာပေးပို့မည့်နေ့တွင် လူကြီးမင်းထံသို့ "CHMyanmar" မှပစ္စည်းပို့ဆောင်မည့်၀န်ထမ်း၏ အမည်နှင့်ဖုန်းနံပါတ်နှင့်အား SMS မက်ဆေ့ခ်ျတစ်စောင် ပို့ပေးမည်ဖြစ်ပါသည်။
ရန်ကုန်မြို့တွင်းကားဂိတ် နှင့် ရန်ကုန်စာတိုက်
အော်ဒါတင်ချိန်တွင် Common Healt ဝန်ထမ်းများမှ လူကြီးမင်းရွေးချယ်ထားသော မြို့တွင်းဘတ်စ်ကားဂိတ်များ သို့မဟုတ် ရန်ကုန်မြို့ရှိ စာတိုက်တွင် သင့်အော်ဒါများကို ကျွန်ုပ်တို့မှ သေချာစွာဂိတ်ချပို့ဆောင်ပေးပါမည်။
လူကြီးမင်းမှ စာတိုက်ပို့ သို့မဟုတ် နယ်ဝေးဂိတ်ချရန်အတွက် ပို့ဆောင်ခပေးရန်မလိုပါ။ သို့သော် ပို့ခ သို့မဟုတ် တန်စာခပေးရမည်ဖြစ်ပါသည်။
အခြားပို့ဆောင်မှုနေရာများ (Zones 2, 3, 4)
Common Health သည် အခြားပို့ဆောင်ရေးဇုန်များအတွက် ပြင်ပပို့ဆောင်ရေးဝန်ဆောင်မှုပေးသည့် ကုမ္ပဏီကို အသုံးပြုထားပါသည်။ သင့်အော်ဒါများကို ပို့ဆောင်ပေးသူထံ အပ်နှံပေးပြီးနောက် Facebook သို့မဟုတ် Viber မှဆင့် လူကြီးမင်းထံ Waybill ပုံပို့ပေးပါမည်။ ကျွန်ုပ်တို့ ၏ Facebook သို့မဟုတ် Viber တွင် စာပို့ထားပေးရန် တောင်းဆိုပါသည်။
Common Health ၏ ပစ္စည်းပို့ဆောင်မည့်၀န်ထမ်းမှ လာပို့ပေးရမည့်အော်ဒါများကောက်ယူပြီီီီီးအချိန်နှင့် လူကြီးမင်း၏နေအိမ်််််အောက်ရောက်ရှိနေသောအချိန်တွင် လူကြီးမင်းအား SMS စာတို သို့မဟုတ် ဖုန်းနှစ်ကြိမ်ခေါ်ဆိုမည်ဖြစ်ပါသည်။
ပစ္စည်းလာပို့သည့်အချိန်််််တွင် လူကြီးမင်းအော်ဒါလက်ခံရန် မဖြစ်နိုင်ပါက လူကြီးမင်းကိုယ်စားလက်ခံနိုင်သူတစ်ဦးကို သတ်မှတ်ပေးပါ သို့မဟုတ် လူကြီးမင်းထံ ပစ္စည်းပြန်လာပို့နိုင်မည့် အချိန်ကို ပြန်ပြောပေးရန် တောင်းဆိုပါသည်။
ကျွန်ုပ်တို့၏ပလပ်ဖောင်းမှတဆင့်ရောင်းချသောထုတ်ကုန်များ၏ ပျက်စီးနိုင်သော သဘောသဘာဝကြောင့်၊ မှာယူထားသော ပစ္စည်းများကို လူကြီးမင်းကိုယ်တိုင် သို့မဟုတ် ကိုယ်စားက လက်ခံပေးထားရမည်ဖြစ်ပါသည်။ အော်ဒါများကို တံခါးဝသို့မဟုတ် အိမ်ရှေ့တွင် ထားခဲ့မည်မဟုတ်ပါ။
ပို့ဆောင်မှုအခမဲ့ရရှိနိုင်သောမြို့နယ်များမှ မှာယူမှုများအတွက် သတ်မှတ်ရက်မတိုင်မီ ည ၁၀:၀၀ နာရီအထိ လိပ်စာပြောင်းလဲနိုင်ပါသည်။ Common Health ၏ ဖုန်း (0977 044 5000) ကိုခေါ်ဆိုပြီး ပေးပို့ရမည့်လိပ်စာများကို အပြောင်းအလဲပြုလုပ်ရပါမည်။
ပို့ဆောင်မှုအခမဲ့ရရှိနိုင်သောမြို့နယ်ပြင်ပရှိ မှာယူမှုများအတွက် ပို့ဆောင်မှုတည်နေရာများကို အခြားပို့ဆောင်မှု ၀န်ဆောင်မှုပေးသူက ကိုင်တွယ်ပို့ဆောင်ပေးသောကြောင့် လိပ်စာပြောင်းနိုင်မည်မဟုတ်ပါ။
အော်ဒါများ၏ ပို့ဆောင်မှုအခြေအနေများကို Common Health ၏ Facebook သို့ Viber မှတစ်ဆင့် ဆက်သွယ်ခြင်းဖြင့် သို့မဟုတ် 0977 440 5000 သို့ဖုန်းခေါ်ဆိုပြီး မနက် (၇)နာရီ မှ ည (၁၀) နာရီအတွင်းမေးမြန်းစုံစမ်းနိုင်ပါသည်။
အော်ဒါနှင့်ပက်သက်သော အခက်အခဲများ
သတ်မှတ်ထားသော ပေးပို့ရက်မတိုင်မီ ည ၁၁ နာရီအထိ အော်ဒါများကို ပယ်ဖျက်နိုင်ပါသည်။ အော်ဒါများကို ပယ်ဖျက်ရန် Common Health သုံးစွဲသူဝန်ဆောင်မှုဌာန (Customer Service) 0977 044 5000 သို့ ဆက်သွယ်အကြောင်းကြားရပါမည််။ ပယ်ဖျက်ရန် တောင်းဆိုချက်များကို Facebook ၊ Viber သို့မဟုတ် ဝက်ဘ်ဆိုက်မှတစ်ဆင့် လက်ခံမည်မဟုတ်ပါ။
မှာယူသုံးစွဲသူများ ဆေးဝါးရရှိနိုင်မှု သေချာစေရန် အထက်ဖော်ပြပါအချိန်နောက်ပိုင်းမှ ပယ်ဖျက်ရန် တောင်းဆိုချက်များကို ကျွန်ုပ်တို့ လက်ခံမည်မဟုတ်ပါ။ဝယ်ယူသူမှ အော်ဒါကို မပယ်ဖျက်ဘဲ လက်ခံရန် ပျက်ကွက်ပါက ထိုသူအား Common Health ၏ ပလပ်ဖောင်းမှ သုံးစွဲရန်ပိတ်ပင်ပါမည်။
သတ်မှတ်ထားသော ပေးပို့ရက်မတိုင်မီ ည ၁၁ နာရီအထိ အော်ဒါများကို ပြင်ဆင်ရန်အခွင့်အရေးရှိပါသည်။အော်ဒါများကို ပြုပြန်အတွက် Common Health သုံးစွဲသူဝန်ဆောင်မှုဌာန (Customer Service) 0977 044 5000 သို့ ဆက်သွယ်အကြောင်းကြားရပါမည််။ မှာယူမှုကို ပြင်ဆင်ပေးရန် တောင်းဆိုချက်များကို Facebook ၊ Viber သို့မဟုတ် ဝဘ်ဆိုက်မှတစ်ဆင့် လက်ခံမည်မဟုတ်ပါ။
ဆေးဝါးများ ပြန်လည်မှာယူမှုများ လုပ်ဆောင်ပေးရန် Common Health မှအမြဲတမ်း အဆင့်သင့်ရှိနေပါသည်။ အောက်ပါအချက်အလက်များကို Common Health ၏ Facebook သို့မဟုတ် Viber တွင် မက်ဆေ့ချ်ပို့ထားပြီး လူကြီးမင်း၏ဆေးများအမြန်ဆုံး ပြန်လည်မှာယူနိုင်ပါသည်။
"Order Now" မိနူးမှ Existing Customer ကို ရွေးချယ်ပြီး ထပ်မံမှာယူနိုင်ပါသည်။ အောက်ပါအချက်အလက်များကို အဆင့်သင့်ပြင်ထားရန် တိုက်တွန်းလိုပါသည်။
- အရင်မှာယူခင်က အော်ဒါနံပါတ် (ဘောက်ချာစာရွက်ထိပ်တွင်ရှိပါသည်)
- ငွေပေးချေမှုနည်းလမ်း
- ဖုန်းနံပါတ်
Common Health ဝန်ထမ်းမှ လူကြီးမင်းအား ဆေးစျေးနှုန်းအသေးစိတ်အား ပြန်ပြောပြပေးမည်ဖြစ်ပြီး မိနစ်အနည်းငယ်အတွင်း အော်ဒါတင်ပေးမည်ဖြစ်ပါသည်။
Common Health ၏ အရည်အသွေးအာမခံမှုဆိုသည်မှာအကောင်းဆုံးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်ဖြစ်ပါသည်။ အောက်ပါနည်းလမ်းများကို လိုက်နာပေးရန်တောင်းဆိုပါသည်။
အကြောင်းကြားပေးပါ-ပစ္စည်းလက်ခံရရှိသောအခါတွင် ပြဿနာတစ်ခုခု သတိပြုမိပါက ပစ္စည်းလာပို့သူကိုချက်ချင်းအကြောင်းကြားပေးပါ။ နောက်မှသိရှိပါက Common Health၏ သုံးစွဲသူဝန်ဆောင်မှုဌာန (Customer Service) 0977 044 5000 သို့ (၂၄) နာရီအတွင်း ဆက်သွယ်အကြောင်းကြားရပါမည််။
ဖုန်းကိုင်ပေးပါ- အကြောင်းကြားပြီး (၂၄) နာရီအတွင်းတွင် 09770 44 5000 မှ လူကြီးမင်းအား ဖုန်းဆက်ပေးမည်ဖြစ်ပါသည်။ ပြဿနာကို အမြန်ဖြေရှင်းနိုင်ရန်အတွက် ဖုန်းခေါ်ဆိုမှုကို ကျေးဇူးပြု၍ လက်ခံဖြေကြားပေးရန်တောင်းဆိုပါသည်။
အော်ဒါထုပ်ပိုးမှုကို သိမ်းထားပေးပါ - Common Health တံဆိပ်အနီရောင်ဗီနိုင်းစာအိတ်ပေါ်ရှိ အညွှန်းအပြင် အထုပ်တွင်ပါရှိသော ဆေးဘူးများကို သိမ်းဆည်းထားပေးပါ။
Common Health ၏ အရည်အသွေးအာမခံမှုသည် လူကြီးမင်းအား ပျက်စီးနေသော၊ သက်တမ်းကုန်သွားသော သို့မဟုတ် အရည်အသွေးညံ့သော ဆေးဝါးများမှ ကာကွယ်ပေးပါသည်။ Common Health ၏ အရည်အသွေးစံချိန်စံညွှန်းများနှင့် မကိုက်ညီသော ကုန်ပစ္စည်းကို လူကြီးမင်း လက်ခံရရှိခဲ့ပါက ကျေးဇူးပြု၍ အောက်ပါအတိုင်း လုပ်ဆောင်ရန်တောင်းဆိုပါသည်။
- အကြောင်းကြားပေးပါ-ပစ္စည်းလက်ခံရရှိသောအခါတွင် ပြဿနာတစ်ခုခု သတိပြုမိပါက ပစ္စည်းလာပို့သူကိုချက်ချင်းအကြောင်းကြားပေးပါ။ နောက်မှသိရှိပါက Common Health၏ သုံးစွဲသူဝန်ဆောင်မှုဌာန (Customer Service) 0977 044 5000 သို့ ၂၄ နာရီအတွင်း ဆက်သွယ်အကြောင်းကြားရပါမည််။
- ဖုန်းကိုင်ပေးပါ- အကြောင်းကြားပြီး ၂၄ နာရီအတွင်းတွင် 09770 44 5000 မှ လူကြီးမင်းအား ဖုန်းဆက်ပေးမည်ဖြစ်ပါသည်။ ပြဿနာကို အမြန်ဖြေရှင်းနိုင်ရန်အတွက် ဖုန်းခေါ်ဆိုမှုကို ကျေးဇူးပြု၍ လက်ခံဖြေကြားပေးရန်တောင်းဆိုပါသည်။
- အော်ဒါထုပ်ပိုးမှုကို သိမ်းထားပေးပါ - Common Health တံဆိပ်အနီရောင်ဗီနိုင်းစာအိတ်ပေါ်ရှိ အညွှန်းအပြင် အထုပ်တွင်ပါရှိသော ဆေးဘူးများကို သိမ်းဆည်းထားပေးပါ။
ဆေးမှာယူသောနည်းလမ်းပေါ် မူတည်၍ လူကြီးမင်း၏ အော်ဒါကို အောက်ပါနည်းလမ်းနှစ်ခုမှ တစ်ခုခုဖြင့် အတည်ပြုပေးပါမည်။
- ဝဘ်ဆိုဒ်မှ မှာယူခြင်း - ဤဝဘ်ဆိုဒ်မှ ဆေးများမှာယူထားလျှင် ၀၉၇၇၀၄၄၅၀၀၀ ထံမှ ၃၀ မိနစ်အတွင်း အော်ဒါအတည်ပြုရန် ခေါ်ဆိုသောဖုန်းအား လက်ခံဖြေကြားပေးရမည်ဖြစ်ပါသည်။ ည ၉း၃၀ တွင် အော်တာတင်ယူပါက နောက်နေ့ မနက် ၇း၃၀ တွင် ဖုန်းခေါ်မည်ဖြစ်ပါသည်အဆိုပါ ဖုန်းခေါ်ဆိုမှုကို မဖြေကြားပါက ဝဘ်ဆိုဒ်အော်ဒါများကို အတည်ပြုပေးမည်မဟုတ်ပါ။
- Facebook ၊ Viber သို့မဟုတ် ဖုန်းဖြင့် မှာယူပါက အော်ဒါတင်သည့်အချိန်တွင် အတည်ပြုချက် ရရှိပါမည်။
ငွေပေးချေမှု နည်းလမ်းများ
အော်ဒါများအား အောက်ပါနည်းလမ်းများဖြင့် ပေးချေနိုင်ပါသည်။
- AYAPay, KBZPay နှင့် WavePay များ
- AYA Bank ၊ KBZ Bank နှင့် Yoma Bank ငွေလွှဲခြင်းများ
- အိမ်ရောက်ငွေချေ (ပို့ဆောင်မှုအခမဲ့ရနိုင်သောမြို့နယ်များအတွက်သာ)
မိုဘိုင်းပိုက်ဆံ သို့မဟုတ် ဘဏ်မှတဆင့် ပေးချေမည်ဆိုပါက ကျွန်ုပ်တို့၏ မိတ်ဖက်ဆေးဆိုင်သို့ ကျေးဇူးပြု၍ အောက်ပါအကောင့်နံပါတ်များဖြင့် ပေးပို့လို့ပါသည်။
AYA PAY
Account: 09421028850
Name: May Lin Thu
KBZPay
Account: 09765634317
Name: May Lin Thu
WavePay
Account: 09421028850
Name: May Lin Thu
AYA Bank
Account: 1000 4370 108
Name: Shwe Myittar May Co., Ltd
KBZ Bank
Account: 461 0324 6005 53201
Name: Shwe Myittar May Co., Ltd
Yoma Bank
Account: 006411124002470
Name: Shwe Myittar May Co., Ltd
လူကြီးမင်းထံမှ ဆေးနှင့် သက်ဆိုင်ရာ အချက်အလက်များ(ဥပမာ၊ ဆေးဘောက်ချာစာရွတ်) ပြန်ရရှိပြီး ၄၈ နာရီအတွင်း ကျွန်ုပ်တို့ဘက်မှ ငွေပြန်အမ်းခြင်းလုပ်ဆောင်ချက်များကို ချက်ချင်းလုပ်ဆောင်ပေးပါသည်။
သို့သော်လည်း ငွေပေးချေမှုနည်းလမ်း အပေါ်မှုတည်၍ ပြန်အမ်းငွေရရှိနိုင်သော ကြာချိန်မှာကွာခြားနိုင်ပါသည်။
ရနိုင်နိုင်သော ဆေးဝါးများ
Common Health ၏ မိတ်ဖက်များနှင့်ပူးပေါင်းပြီး နာတာရှည်ရောဂါရှင်များအတွက် အကောင်းဆုံးဝန်ဆောင်မှုများကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ထားပါသည်။ Common Health ၏ ပလက်ဖောင်းကိုအသုံးပြု၍ မိတ်ဖက်များရောင်းချသည့် ဝန်ဆောင်မှုနှင့် ပစ္စည်းအရည်အသွေးများကို အထူးအာမခံပေးသည့်အတွက် ကျွန်ုပ်တို့သည် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်သည့် မိတ်ဖက်များနှင့်သာ လက်တွဲပူးပေါင်းပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် အောက်တွင် ဖော်ပြထားသည့် နာတာရှည်ရောဂါများအတွက် မရှိမဖြစ်လိုအပ်သောဆေးဝါးများနှင့် စတင်ပြီး ဝန်ဆောင်မှုများပေးနေပါသည်။
- ဆီးချိုရောဂါအတွက်လိုအပ်သောဆေးဖြစ်သည့် Metformin၊ အင်ဆူလင်၊ အခြားဆေးဝါးများ။
- ACE inhibitors၊ Beta Blockers၊ Diuretics နှင့် သွေးတိုးရောဂါနှင့်ဆိုင်သောဆေးဝါးများ။
- Anticoagulants၊ Statins နှင့် ကိုလက်စထရောများကို လျှော့ချပေးနိုင်သောနှလုံးဆေးများ။
လူကြီးမင်း မှာယူထားသော နာတာရှည်ရောဂါဆိုင်ရာဆေးဝါးများပို့ဆောင်ပေးနိုင်ရန် အတတ်နိုင်ဆုံး အကောင်းဆုံးဝန်ဆောင်မှုများကို ပေးဆောင်နိုင်ရန််််််််ကြိုးစားပါမည်။
ဆီးချို၊ သွေးတိုး၊သွေးပေါင်ကျဆေးသို့မဟုတ် နှလုံးဆေးများသောက်သုံးနေပါက လူကြီးမင်းလိုအပ်သည့်ဆေးများကို ရှာဖွေမှာယူရန်အတွက် အောက်ပါလိုအပ်ချက် ၃ ချက်နှင့်ကိုက်ညီရပါမည်။
- မြန်မာနိုင်ငံ၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ရမည်ဖြစ်သည်။ (ဥပမာအားဖြင့်ဆေးဝါးမှတ်ပုံတင်နံပါတ်ပါရှိိိိရမည်) သို့မဟုတ် အခြားနည်းဖြင့် ရောင်းချရန် ခွင့်ပြုချက်ရှိရမည်။
- အဆိုပါဆေးဝါးသည် တရားဝင်ဖြန့်ဖြူးသူထံတွင် ရောင်းချသောဆေးများဖြစ်ရမည်။ (ဖြန့်ဖြူးသူထံမှပြန်လည်သိမ်းဆည်းခြင်း သို့မဟုတ် ရပ်ဆိုင်းထားသောဆေးဝါးများမဖြစ်ရပါ)
- အဆိုပါဆေးတွင် အောက်တွင်ဖော်ပြထားသော ပါဝင်ပစ္စည်းများထဲမှ တစ်ခုပါဝင်ပါသည်။
ဆီးချိုဆေးအတွက်ပါဝင်ပစ္စည်းများ
- Acarbose
- Canagliflozin
- Dapagliflozin
- Empagliflozin
- Gliclazide
- Glimpepride
- Glipizide
- Insulin
- Linagliptin
- Metformin
- Metiglinide
- Pioglitazone
- Repaglinide
- Sitagliptin
- Vildagliptin
- Voglibose
- Any combination of the above
သွေးတိုးဆေးအတွက်ပါဝင်ပစ္စည်းများ
- Amlodipine
- Candesartan
- Clinidipine
- Enalapril
- Furosemide
- Indapamide
- Losartan
- Nifedipine
- Perindopril
- Ramipril
- Telmisartan
- Valsartan
- Any combination of the above
နှလုံးဆေးအတွက်ပါဝင်ပစ္စည်းများ
- Aspirin
- Atenolol
- Atorvastatin
- Bisoprolol
- Carvedilol
- Clopidogrel
- Fenofibrate
- Metoprolol
- Propanolol
- Rosuvastatin
- Simvastatin
- Any combination of the above
အောက်ပါအကြောင်းအရာများကြောင့် ဆေးဝါးများကုန်နေတက်ပါသည်။
- မိတ်ဖက်ဆေးဆိုင်မှ ဆေးကုန်သွားခြင်း - ကျွန်ုပ်တို့၏မိတ်ဖက်ဆေးဆိုင်တွင် ဆေးများကုန်နေတက်ပါသည်။ဆေးများကို ဆေးဖြန့်ဖြူးသူများထံမှ ပြန်လှည်မှာယူထားပါသည်။
- ဆေးဖြန့်ဖြူးသူများထံမှ ဆေးပြတ်သွားခြင်း - မြန်မာနိုင်ငံအတွင်းသို့ ကုန်ပစ္စည်းတင်သွင်းရာတွင် ကြန့်ကြာမှုများကြောင့် ဆေးဖြန့်ဖြူးသူများထံတွင် ဆေးများမရှိတော့ခြင်းဖြစ်ပါသည်။
မိတ်ဖက်ဆေးဆိုင်မှ ဆေးကုန်သွားခြင်းကို ရက်အနည်းငယ်အတွင်း ဖြေရှင်းပေးပါမည်။ သို့သော်ဆေးဖြန့်ဖြူးသူများထံမှ ဆေးပြတ်သွားခြင်းကို ဖြေရှင်းရန် နည်းနည်းကြာမည်ဖြစ်ပါသည်။မည်သည့်ကိစ္စကြောင့် လူကြီးမင်းမှာယူလိုသည့် ဆေးလက်ကျန်မရှိတော့ပါက ဆေးပြန်ရရှိသည့်အချိန်တွင် ချက်ချင်းဖုန်းဆက် အကြောင်းကြားပေးပါမည်။
ကျွန်ုပ်တို့၏ မိတ်ဖက်ဆေးဆိုင်များအား အင်ဆူလင်နှင့် အခြားအအေးခန်းစနှစ်ဖြင့် သိုလှောင်ရမည့် ဆေးများတင်ရောင်းနိုင်ရန် စီစဉ်ပေးထားပါသည်။
မြန်မာနိုင်ငံတစ်ဝှမ်းရှိ သုံးစွဲသူများအား ရေခဲဆေးများ တိုးချဲ့ပို့ဆောင်ပေးနိုင်ရန် ဆောင်ရွက်နေပါသည်။ ယခုအခါတွင် အင်ဆူလင်များကို ပို့ဆောင်မှုအခမဲ့ရရှိနိုင်သောမြို့နယ်များအတွက်သာ ပို့ပေးနေပါသည်။
အရည်အသွေးနှင့်ဘေးကင်းရေး
ကျွန်ုပ်တို့၏ အရည်အသွေးစည်းကမ်းချက်အရ Common Health ၏ မိတ်ဖက်များအားလုံးသည် ၎င်းတို့၏လုပ်ငန်းအတွက် မြန်မာနိုင်ငံ၏ စည်းမျဉ်းများနှင့် နိုင်ငံတကာ အကောင်းဆုံး အလေ့အကျင့်များကို လိုက်နာရန် လိုအပ်ပါသည်။ ထိုကြောင့် Common Health ၏ မိတ်ဖက်ဆေးဆိုင်များသည် မှန်ကန်သောဆေးညွှန်းစာမပါဘဲ ဆေးဝါးများကို ရောင်းချပေးမည်မဟုတ်ပါ။
လူကြီးမင်း၏ ဆေးစာများကို Facebook နှင့် Viber မှ တဆင့် ဓါတ်ပုံဖြင့်ပေးပို့နိုင်ပါသည်။ ဆေးစာလိုအပ်ချက်များနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို လူကြီးမင်းအား ဆေးမှာယူသည့်အချိန်တွင် Common Health ဆေးဝါးကျွမ်းကျင်ဝန်ထမ်းများက ကူညီပံ့ပိုးပေးမည်ဖြစ်သည်။
Common Health သည် ဆရာဝန်မှတ်ပုံတင်ရရှိထားသော ကျွမ်းကျင်ဆရာဝန်များနှင့် ပူးတွဲ၍ ဝန်ဆောင်မှုသုံးစွဲသူများအား အခမဲ့ ကျန်းမာရေးဆွေးနွေးစောင့်ရှောက်မှုကို ဝန်ဆောင်မှုပေးနေပါသည်။လူကြီးမင်းတွင် ဆေးစာအဆင်သင့်မရှိပါက၊ ကျန်းမာရေးအကြံပေးသူ (Health Advisor) မှ ကျွမ်းကျင်ဆရာဝန်နှင့် အခမဲ့ ကျန်းမာရေးဆွေးနွေးတိုင်ပင်ရန် စီစဉ်ပေးမည်ဖြစ်သည်။
ဆရာဝန်များသည် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် Common Health နှင့်မသက်ဆိုင်ကြောင်း ကျေးဇူးပြု၍ သတိပြုစေလိုပါသည်။ လူကြီးမင်းသည် ဆေးစာလိုအပ်ခြင်း ရှိ၊ မရှိသည်ကို Common Health သို့မဟုတ် ကျွန်ုပ်တို့၏မိတ်ဖက်များမှ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ဆရာဝန်ကသာ ဆုံးဖြတ်ပေးမည်ဖြစ်ပါသည်။ ဆရာဝန်သည် ဆေးစာမရေးပေးခင်တွင် ရောဂါရှာဖွေစမ်းသပ်မှုများ သို့မဟုတ် ဆရာဝန်နှင့်ကိုယ်တိုင် ကျန်းမာရေးဆွေးနွေးတိုင်ပင်မှု ပြုလုပ်ရန် မှာကြားနိုင်ပါသည်။
အရည်အသွေးနှင့် ဘေးကင်းမှုသည် Common Health ၏ နံပါတ်တစ် ဦးစားပေးမှုဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အရည်အသွေးမြင့်မားသော ကမ္ဘာ့အဆင့်စံနှုန်းမှီ ဝန်ဆောင်မှုပေးနိုင်ရန် အကောင်းဆုံးမိတ်ဖက်များနှင့် လက်တွဲဆောင်ရွက်ပါသည်။
ကျွန်ုပ်တို့၏ ဆေးဝါးများနှင့်အရည်အသွေးမှာ အောက်ပါစံချိန်အတိုင်းဖြစ်ပါသည်။
အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန် အရည်အချင်းနှင့် လုပ်ငန်းအတွေ့အကြုံရှိသော ဆေးဝါးပညာရှင်မိတ်ဖက်များကို ဂရုတစိုက်ရွေးချယ်ထားပါသည်။
မိတ်ဖက်များကိုလည်း လိုအပ်သော အလုပ်တည်နေရာ၊ စက်ကိရိယာများ၊ သတင်းအချက်အလက်နည်းပညာစနစ်များနှင့် နည်းပညာလက်ထောက်များကိုအပြည့်အ၀ ပံ့ပိုးထားပေးပါသည်။
မိတ်ဖက်ဆေးဆိုင်များ ဆေးဝယ်ယူရာတွင် လုံခြုံစိတ်ချရသော ဆေးဖြန့်ဖြူးရေးကုမ္မဏီများမှ တဆင့်ဝယ်ယူပြီး ဆေးဝါးအရည်အသွေးကောင်းမွန်မှုများကို အလေးထား၍ ပုံမှန်စစ်ဆေးပါသည်။
ကျွန်ုပ်တို့ဖက်မှလည်း သုံးစွဲသူများအား ဆေးအော်ဒါများထုတ်ပိုးပေးခြင်းနှင့် ဆေးများပို့ဆောင်ပေးချိန်တွင် မြင့်မားသောစံနှုန်းများကို သေချာစေလျက်ရှိပါသည်။
Common Health သည် ကျန်းမာရေးနှင့်ပတ်သက်သော ဆေးပစ္စည်းများအတွက် အရည်အသွေးအာမခံချက်ရှိသော မြန်မာနိုင်ငံ၏ ပထမဆုံးသော ပလက်ဖောင်းတစ်ခုဖြစ်သည်။Common Health ၏ အရည်အသွေးအာမခံမှုသည် လူကြီးမင်းအား ဆေးဝယ်ရာတွင် အောက်ပါလုံခြုံစိတ်ချမှုကိုအာမခံပေးပါသည်။
- စစ်မှန်သောဆေးဝါးများ
- မှတ်ပုံတင်ထားသော ဆေးဖြန့်ဖြူးရေးကုမ္မဏီများထံမှ ဆေးများမှာယူခြင်း။ (အောက်လမ်းဆေးများမရောင်းပါ),
- အခြေအနေကောင်းသောဆေးများ (ပျက်စီးနေသောဆေးများမရောင်းပါ)
- ဒိတ်ကောင်းသောဆေးများ(ရက်လွန်ဆေးပစ္စည်းများမရောင်းပါ)
- လူကြီးမင်းမှာသည့်ဆေးများသာရောင်းချပေးပါသည်။ (အလားတူဆေးများဖြင့် အစားထိုးမရောင်းပေးပါ)
Common Health ၏ အရည်အသွေးအဖွဲ့သည် အော်ဒါတစ်ခုစီအား သေချာစွာစီစစ်ထားပါသည်။ထို့ကြောင့် လူကြီးမင်းအော်ဒါအထုတ်ပေါ်ရှိ Common Health၏ တံဆိပ်တုံးသည် အထက်ဖော်ပြပါ လိုအပ်ချက်များကို ကျွန်ုပ်တို့ အတည်ပြုပြီးဖြစ်ကြောင်း ဖြစ်ပါသည်။
တယ်လီကျန်းမာရေး ထောက်ပံ့မှု
Common Health သည် ဆီးချို၊ သွေးတိုး၊ နှလုံးနှင့် အခြားနာတာရှည်ရောဂါရှင်များအတွက် စျေးနှုန်းသက်သာပြီး ပိုမိုကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှုရရှိရန်အတွက် ရည်ရွယ်ပါသည်။ အဆိုပါ ကျန်းမားရေးရလဒ်များရရှိရန်အတွက် မရှိမဖြစ်လိုအပ်သော ဆေးများကို စျေးနှုန်းချိုသာစွာဝယ်ယူခြင်း၊ အိမ်အရောက်ပို့ဆောင်ပေးခြင်းနှင့် လွယ်ကူသောဆေးမှာယူနိုင်ခြင်းတို့က အရေးကြီးပါသည်။
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုသုံးစွဲသူပေါ်ထားရှိသော ကျွန်ုပ်တို့၏ကတိကဝတ်သည် မှာယူထားသောဆေးအော်ဒါများကိုအခမဲ့ပေးပို့သည်ထက်ပိုပါသည်။ သိပ္ပံနည်းကျ အထောက်အထားများ ပြသထားသည့်အတိုင်း နာတာရှည်ရောဂါရှင်များအတွက် ပိုမိုကောင်းမွန်သော ရလဒ်များရရှိစေမှုသည် ကောင်းမွန်သောကျန်းမားရေးပြုစုစောင့်ရှောက်မှုကို ရယူခြင်းနှင့် သက်ဆိုင်သည်ဟု ကျွန်ပ်တို့ ယုံကြည်ပါတယ်။ ထို့ကြောင့် ကျွန်ပ်တို့သည် တယ်လီကျန်းမာရေးစောင့်ရှောက်မှုမှတဆင့် အဆိုပါ ကျန်းမားရေးစောင့်ရှောက်မှုကို အခမဲ့ပေးဆောင်ရန်အတွက် အထွေထွေရောဂါကုဆရာဝန်များနှင့် လက်တွဲဆောင်ရွက်လျက်ရှိပါတယ်။
တယ်လီကျန်းမာရေးစောင့်ရှောက်မှုသည် နာတာရှည်ရောဂါရှိသော မိသားစုများအတွက် ကြီးမားသောအကျိုးသက်ရောက်မှုရှိနိုင်ပါသည်။ ရရှိနိုင်မည့်အကျိုးကျေးဇူးများမှာ
လူကြီးမင်းသောက်သုံးနေရသည့် ဆေးပမာဏ၊ ဘေးထွက်ဆိုးကျိုးအာနိသင်များနှင့် ဆေးများမှန်ကန်စွာမည်သို့သောက်သုံးရမည် အစရှိသည့်မေးခွန်းများကို ဖြေကြားပေးခြင်း။
ဓာတ်ခွဲခန်းများ၏သွေးစစ်ချက်အဖြေများကိုကြည့်ရှုသုံးသပ်၍ရောဂါတိုးတက်မှုကို စောင့်ကြည့်ပေးခြင်းနှင့် လိုအပ်လျှင် ဆေးချိန်ညှိပေးနိုင်ခြင်း။
လိုအပ်လျှင် အထူးကုစောင့်ရှောက်မှုထံသို့ လွှဲပြောင်းပေးပို့ခြင်းနှင့် လူနာ၏ကျန်းမာရေးစောင့်ရှောက်မှုပေးသူများနှင့် အခြားဆရာဝန်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း။
ရောဂါအခြေအနေတိုးတက်ကောင်းမွန်စေရန် အစားအသောက်များ၊ လေ့ကျင့်ခန်းနှင့် ဆေးလိပ်ဖြတ်ခြင်းစသည့် လူနာများလိုက်စားရမည့် လုပ်ဆောင်ချက်များအပေါ် အကြံပေးခြင်း။
နာတာရှည်ရောဂါလူနာများ၏ မိသားစုများကို စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုပေးခြင်း တို့ပဲဖြစ်ပါသည်။
တယ်လီကျန်းမာရေးဝန်ဆောင်မှုကို ဆရာဝန်လိုင်စင်ရ အထွေထွေရောဂါဆရာဝန်များမှ တိုက်ရိုက်ကျန်းမာရေးဝန်ဆောင်မှုပေးသည်။ Common Health ၏ ပလက်ဖောင်းမှတဆင့် တယ်လီကျန်းမာရေးဝန်ဆောင်မှုရန်အတွက် ဆရာဝန်တစ်ဦးစီသည် ဆေးပိုင်းဆိုင်ရာ အရည်အချင်းနှင့် လူမှုဆက်ဆံရေးနှင့် ပတ်သက်သော အရည်အချင်း နှစ်မျိုးလုံးကျွမ်းကျင်မှုကြောင်းသေချာစွာ စီစစ်ပြီးရွေးချယ်ထားပါသည်။
Common Health သည် နိုင်ငံခြားဆေးဘက်ဆိုင်ရာဘွဲ့ရများအတွက် ပညာရေးကော်မရှင်မှ အသိအမှတ်ပြုထားသော ဆေးကောလိပ်များမှ ဘွဲ့ရရှိထားပြီး United States Medical Licensing Examination အတွက် အရည်အချင်းပြည့်မီသော ကျွမ်းကျင်ဆရာဝန်များနှင့်သာ ပူးတွဲဆောင်ရွက်ပါသည်။
အဆိုပါ ဆရာဝန်တစ်ဦးစီမှ ၎င်းတို့၏လူနာများပေါ် ပေးသော ကျန်းမာရေးစောင့်ရှောက်မှုတစ်ခုတည်းအတွက်သာ တာဝန်ရှိသည်။ Common Health သည် ကျန်းမာရေးစောင့်ရှောက်မှုပေးသူမဟုတ်ပါသလို ဆေးဘက်ဆိုင်ရာအကြံဉာဏ် သို့မဟုတ် ဝန်ဆောင်မှုများကို ပေးအပ်သူမဟုတ်ပါ။
- မိသားစုဆရာဝန်- ဝန်ဆောင်မှုသုံးစွဲသူသည် ပထမဆုံးဆေးမှာယူပြီးနောက် မိသားစုဆရာဝန်နှင့် ကျန်းမာရေးစတင်ဆွေးနွေးနိုင်ပါသည်။ လူကြီးမင်းအား ဆရာဝန်၏ ဖုန်းနံပါတ်နှင့် ကျန်းမာရေးဆွေးနွေးတိုင်ပင်မှု ပြုလုပ်နိုင်မည့် အချိန်များကို အကြောင်းကြားပေးမည်ဖြစ်ပါသည်။ကျန်းမာရေးဆွေးနွေးတိုင်ပင်ရန်အတွက် ကြိုတင်ဘွတ်ကင်ယူစရာမလိုပါ။
- On call ကျန်းမားရေးဝန်ဆောင်မှု - Common Health မှဝန်ဆောင်မှုသုံးစွဲသူများ၏ အရေးပေါ်ကျန်းမာရေးပြဿနာများအတွက် အထွေထွေရောဂါကုဆရာဝန်ထံသို့ တစ်နေ့လျှင် ၂၄ နာရီ၊ တစ်ပတ်လျှင် ခုနစ်ရက်လုံး On Call ဝန်ဆောင်မှုကို အချိန်မရွေးဆက်သွယ်နိုင်ပါသည်။ ဤဝန်ဆောင်မှုကိုရယူရန် ဝန်ဆောင်မှုသုံးစွဲသူများသည် 0977 044 5000 (လိုင်းခွဲနံပါတ် ၁) သို့ဖုန်းခေါ်ဆိုနိုင်ပါသည်။ ဝန်ဆောင်မှုသုံးစွဲသူများကို Common Health အကောင့်နံပါတ်များပေးမှာဖြစ်ပြီး ဆေးခန်းပြသည့်အချိန်တိုင်း ထိုအကောင့်နံပါတ်ကိုပြော၍ ဝန်ဆောင်မှုရယူနိုင်ပါတယ်။